အကယ်စင်စစ် သူသည် ငါတို့၏အနာရောဂါများကို ယူဆောင်သွား၏။ ငါတို့၏ဒုက္ခဝေဒနာများကို ထမ်းသွား၏။ ငါတို့မူကား သူ့အား ဘုရားသခင်၏ဒဏ်ခတ်ခြင်းကိုခံရသောသူ၊ ရိုက်နှက်ခြင်းကိုခံရသောသူ၊ နှိပ်စက်ခြင်းကိုခံရသောသူဟု ထင်မှတ်ကြ၏။ သူသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် ထိုးဖောက်ခြင်းခံရ၏။ ငါတို့၏ဒုစရိုက်များအတွက် ချိုးဖဲ့ခြေမွှခြင်းခံရ၏။ ငါတို့အတွက် ငြိမ်းချမ်းခြင်းကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်ကျရောက်၍ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်ကင်းလျက်ရှိကြ၏။ ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။ သူသည် ညှဉ်းဆဲနှိပ်စက်ခြင်းခံရသော်လည်း နှုတ်ကိုမဖွင့်ဘဲနေ၏။ အသတ်ခံရမည့်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရသောသိုးသငယ်ကဲ့သို့၊ အမွေးညှပ်သောသူရှေ့၌ တိတ်ဆိတ်စွာနေသောသိုးကဲ့သို့ နှုတ်ကိုမဖွင့်ဘဲနေ၏။ သူသည် ဖိနှိပ်ခြင်းခံရ၏။ စီရင်ခြင်းလည်းခံရ၏။ သူ့ကိုခေါ်ဆောင်သွားကြ၏။ သူသည် သက်ရှိကမ္ဘာမြေမှဖယ်ထုတ်ခြင်းခံရကြောင်း၊ ငါ့လူမျိုးတော်တို့ ကျူးလွန်သောအပြစ်ကြောင့် ရိုက်နှက်ခြင်းခံရကြောင်းကို သူ၏မျိုးဆက်မှ မည်သူသည် ဆင်ခြင်အောက်မေ့မည်နည်း။ သူသည် ရက်စက်ကြမ်းကြုတ်မှုကိုမပြု။ သူ၏နှုတ်၌ လိမ်လည်လှည့်ဖြားခြင်းမရှိသော်လည်း သူ့ကို ဆိုးယုတ်သောသူတို့နှင့်အတူမြှုပ်နှံရန် စီရင်ကြ၏။ သူသေသောအခါ ချမ်းသာသောသူ၌ရှိ၏။
ဟေရှာယအနာဂတ္တိကျမ်း 53 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေရှာယအနာဂတ္တိကျမ်း 53
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယအနာဂတ္တိကျမ်း 53:4-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ