YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 53:3-5

ဟေရှာယအနာဂတ္တိကျမ်း 53:3-5 MSBU

သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။ အကယ်စင်စစ် သူ​သည် ငါ​တို့​၏​အနာရောဂါ​များ​ကို ယူဆောင်​သွား​၏​။ ငါ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ထမ်းသွား​၏​။ ငါ​တို့​မူကား သူ့​အား ဘုရားသခင်​၏​ဒဏ်ခတ်​ခြင်း​ကို​ခံရ​သော​သူ​၊ ရိုက်နှက်​ခြင်း​ကို​ခံရ​သော​သူ​၊ နှိပ်စက်​ခြင်း​ကို​ခံရ​သော​သူ​ဟု ထင်မှတ်​ကြ​၏​။ သူ​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် ထိုးဖောက်​ခြင်း​ခံရ​၏​။ ငါ​တို့​၏​ဒုစရိုက်​များ​အတွက် ချိုးဖဲ့ခြေမွှ​ခြင်း​ခံရ​၏​။ ငါ​တို့​အတွက် ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်စေ​သော ဆုံးမ​ခြင်း​သည် သူ့​အပေါ်​ကျရောက်​၍ သူ​ခံရ​သော​ဒဏ်ရာဒဏ်ချက်​အားဖြင့် ငါ​တို့​သည် အနာပျောက်ကင်း​လျက်​ရှိ​ကြ​၏​။

​ဟေရှာယအနာဂတ္တိကျမ်း 53:3-5 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။