YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 44:21-22

ဟေရှာယအနာဂတ္တိကျမ်း 44:21-22 MSBU

အို ယာကုပ်​အမျိုး​၊ ဤ​အရာ​တို့​ကို သတိရ​လော့​။ အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​ကို ငါ​ပုံဖော်ဖန်ဆင်း​သည်​ဖြစ်၍ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို ငါ​မေ့လျော့​မည်​မ​ဟုတ်​။ သင်​ကျူးလွန်​သော​အပြစ်​တို့​ကို တိမ်တိုက်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင်​၏​အပြစ်​တို့​ကို မိုးတိမ်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင့်​ကို​ငါ​ရွေးနုတ်​ပြီ​ဖြစ်၍ ငါ့​ထံသို့​ပြန်လာ​လော့​”​ဟု မိန့်​တော်မူ​၏​။