YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 40:25-31

ဟေရှာယအနာဂတ္တိကျမ်း 40:25-31 MSBU

သန့်ရှင်း​သော​အရှင်​က “​သင်​တို့​သည် ငါ့​ကို မည်သူ​နှင့်​နှိုင်းယှဉ်​မည်နည်း​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​”​ဟု မိန့်​တော်မူ​၏​။ အထက်​သို့ မျှော်ကြည့်​ကြ​လော့​။ ကောင်းကင်တန်ဆာ​များ​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ထို​တန်ဆာ​အလုံးအရင်း​ကို အရေအတွက်​အလိုက် ပေါ်ထွက်​စေ​သော​သူ​၊ အလုံးစုံ​ကို အမည်​ဖြင့်​မှည့်ခေါ်​သော​သူ​ပင်တည်း​။ တန်ခိုး​၊ ခွန်အား​ကြီးမား​တော်မူ​သောကြောင့် ကြွင်းကျန်​ခဲ့​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။ အို ယာကုပ်​အမျိုး​၊ အို အစ္စရေး​လူမျိုး​၊ “​ထာဝရဘုရား​သည် ငါ့​လမ်း​ကို မမြင်​။ ငါ​၏​ဘုရားသခင်​သည် ငါ့​အမှု​ကို ဂရုမစိုက်​”​ဟု အဘယ်ကြောင့်​ပြော​ဆို​ရ​သနည်း​။ သင်​မ​သိ​သလော​။ သင်​မ​ကြား​ဖူး​သလော​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင်​၊ မြေကြီး​စွန်း​တိုင်အောင် ဖန်ဆင်း​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် အားအင်​ကုန်ခန်း​တော်​မ​မူ​။ မောပန်း​တော်​မ​မူ​။ ကိုယ်တော်​၏​ဉာဏ်​ကို စစ်​၍​မ​ကုန်​နိုင်​။ ကိုယ်တော်​သည် မောပန်း​သော​သူ​တို့​ကို ခွန်အား​ပေး​တော်မူ​၏​။ အစွမ်း​မ​ရှိ​သော​သူ​တို့​ကို စွမ်းအား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။ လူငယ်​တို့​ပင်လျှင် အားအင်​ကုန်ခန်း​၍ မောပန်း​ကြ​လိမ့်မည်​။ သန်မာ​သော​လူငယ်​တို့​သည်​လည်း ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​တို့​မူကား ခွန်အား​သစ်​နှင့်​ပြည့်​လိမ့်မည်​။ သူ​တို့​သည် လင်းယုန်​ကဲ့သို့ အတောင်ပံ​ဖြင့် အထက်​သို့​ပျံတက်​ကြ​လိမ့်မည်​။ ပြေး​သောအခါ မောပန်း​ကြ​မည်​မ​ဟုတ်​။ သွားလာ​သောအခါ​လည်း အားအင်​ကုန်ခန်း​ကြ​မည်​မ​ဟုတ်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။