ယေရှဲ၏အငုတ်မှ အတက်ထွက်လာမည်။ သူ၏အမြစ်မှအကိုင်းသည် အသီးသီးလိမ့်မည်။ ထာဝရဘုရား၏ဝိညာဉ်တော်ဖြစ်သည့် ဉာဏ်ပညာနှင့်အသိဉာဏ်ကို ပေးသောဝိညာဉ်၊ အကြံဉာဏ်နှင့်အစွမ်းတန်ခိုးကို ပေးသောဝိညာဉ်၊ အသိပညာနှင့်ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို ပေးသောဝိညာဉ်သည် သူ့အပေါ်တွင် ကိန်းဝပ်တော်မူမည်။ သူသည် ထာဝရဘုရားအား ကြောက်ရွံ့ခြင်း၌ မွေ့လျော်၍ မိမိမျက်စိမြင်သည့်အတိုင်းမစီရင်၊ နားကြားသည့်အတိုင်း မဆုံးဖြတ်။ ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။ ဖြောင့်မတ်ခြင်းသည် သူ၏ခါးပန်း၊ သစ္စာတရားသည် သူ၏ခါးစည်းဖြစ်လိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း 11 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေရှာယအနာဂတ္တိကျမ်း 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယအနာဂတ္တိကျမ်း 11:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ