YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 4:12-16

ဟေဗြဲဩဝါဒစာ 4:12-16 MSBU

ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထက်မြက်​ကာ အသွား​နှစ်​ဖက်​ပါ​သည့် ဓား​ရှိသမျှ​တို့​ထက် သာ၍​ထက်​သဖြင့် အသက်​နှင့်​ဝိညာဉ်​တို့​အထိ​လည်းကောင်း၊ အဆစ်အမြစ်​နှင့်​ခြင်ဆီ​တို့​အထိ​လည်းကောင်း ထိုးဖောက်​ပိုင်းခြား​တတ်​၏။ စိတ်နှလုံး​၏​စဉ်းစား​ဆင်ခြင်​မှု​နှင့်​သဘောထား​တို့​ကို​လည်း ထိုးထွင်း​သိမြင်​နိုင်​၏။ ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ကိုယ်တော်​၏​ရှေ့မှောက်​၌ မ​ထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​၌ အကွယ်အကာမဲ့​လျက် ဟင်းလင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။ ထို့ကြောင့် ကောင်းကင်​တို့​ကို​ဖြတ်​၍​ကြွ​တော်မူ​သည့် ကြီးမြတ်​သော ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ဘုရားသခင်​၏​သား​တော်​ယေရှု​သည် ငါ​တို့​၌​ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ယုံကြည်​ဝန်ခံ​သော​အရာ​ကို စွဲကိုင်​ထား​ကြ​ကုန်​စို့။ အကြောင်းမူကား ငါ​တို့​၏​ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​၏​အားနည်း​ခြင်း​များ​ကို မ​ထောက်ထား​မ​ညှာတာ​နိုင်​သူ​မ​ဟုတ်။ ကိုယ်တော်​သည် ငါ​တို့​နည်းတူ စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကို​ခံ​ခဲ့​ဖူး​သူ​ဖြစ်​တော်မူ​၏။ သို့သော် အပြစ်​နှင့်​ကင်းလွတ်​တော်မူ​၏။ ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​နှင့်​ကျေးဇူး​တော်​တို့​ကို​ခံစား​ရ​လျက် သင့်လျော်​သော​အချိန်​၌ ကူညီမစ​မှု​ကို​ရရှိ​မည့်​အကြောင်း ယုံကြည်​စိတ်ချ​စွာ​ဖြင့် ကျေးဇူး​တော်​ပလ္လင်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်​စို့။

​ဟေဗြဲဩဝါဒစာ 4:12-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။