YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 11:35-40

ဟေဗြဲဩဝါဒစာ 11:35-40 MSBU

မိန်းမ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​စေ​ခြင်း​ခံရ​သည့် မိမိ​တို့​နှင့်ဆိုင်သော​သူ​တို့​ကို ပြန်လည်​ရရှိ​ကြ​၏။ လူ​အချို့​တို့​သည်​လည်း သာ၍​မြတ်​သော​ရှင်ပြန်​ထမြောက်​ခြင်း​ကို​ရရှိ​ရန် လွတ်မြောက်​ခြင်း​ကို​မ​ခံယူ​ဘဲ ပြင်းထန်​သော​နှိပ်စက်​ခြင်း​ကို​ခံယူ​ကြ​၏။ အချို့​သော​သူ​တို့​မူကား ကဲ့ရဲ့​ခြင်း၊ ကြိမ်ဒဏ်​ပေး​ခြင်း​တို့​ကို​ခံရ​သည်​သာမက ထောင်​ထဲ၌​ချုပ်နှောင်​ထား​ခြင်း​ကို​လည်း​ခံ​ခဲ့​ကြ​ရ​၏။ သူ​တို့​သည် ခဲ​နှင့်​ပေါက်​သတ်​ခြင်း၊ လွှ​နှင့်​ပိုင်းဖြတ်​ခြင်း၊ ဓား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံရ​ကြ​၍ ဆင်းရဲ​နွမ်းပါး​လျက်​၊ နှိပ်စက်​ခြင်း၊ မတရား​ပြုမူ​ဆက်ဆံ​ခြင်း​တို့​ကို​ခံရ​လျက်​၊ သိုး​သားရေ၊ ဆိတ်​သားရေ​တို့​ကို​ဝတ်​လျက် လှည့်လှည်​ကြ​ရ​၏။ ဤ​လောက​သည် ထို​သူ​တို့​နှင့်​မ​ထိုက်တန်​ချေ။ သူ​တို့​သည် တော​ကန္တာရ​များ၊ တောင်တန်း​များ၊ လိုဏ်ဂူ​များ​နှင့် မြေ​တွင်း​များ​တွင် လှည့်လည်​နေထိုင်​ကြ​ရ​၏။ ဤ​သူ​အပေါင်း​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ချီးကျူး​ခံရ​ကြ​သော်လည်း ကတိ​ပေး​တော်မူ​သော​အရာ​ကို မ​ရရှိ​ခဲ့​ကြ​ချေ။ ဘုရားသခင်​သည် ငါ​တို့​အတွက် သာ၍​မြတ်​သော​အရာ​ကို ကြိုတင်​ပြင်ဆင်​ပေး​တော်မူ​သည်​ဖြစ်​၍ သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံလင်​ခြင်း​သို့​မ​ရောက်​နိုင်​ရာ။

​ဟေဗြဲဩဝါဒစာ 11:35-40 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။