YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 33:1-4

ကမ္ဘာဦးကျမ်း 33:1-4 MSBU

ယာကုပ်​သည်​မျှော်ကြည့်​ရာ ဧသော​သည် လူ​လေး​ရာ​နှင့်အတူ​လာ​နေ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် သူ​သည် ကလေး​တို့​ကို လေအာ​၊ ရာခေလ​နှင့် ကျွန်မ​နှစ်​ယောက်​တို့​အား အသီးသီး​ခွဲပေး​ပြီးလျှင် ကျွန်မ​နှစ်​ယောက်​နှင့်​သူ​တို့​၏​ကလေး​များ​ကို ရှေ့ဆုံး​၌​လည်းကောင်း​၊ လေအာ​နှင့်​သူ​၏​ကလေး​များ​ကို အလယ်​၌​လည်းကောင်း​၊ ရာခေလ​နှင့်​ယောသပ်​ကို နောက်ဆုံး​၌​လည်းကောင်း ထား​လေ​၏​။ ထို့နောက် သူ​ကိုယ်တိုင် သူ​တို့​ရှေ့​မှ​သွား​၍ ခုနစ်​ကြိမ်​တိုင်တိုင် မြေ​မှာ​ပျပ်ဝပ်​ရင်း အစ်ကို​ထံသို့​ချဉ်းကပ်​လေ​၏​။ ဧသော​သည် ပြေးလာ​၍​သူ​နှင့်​တွေ့ဆုံ​ပြီး သူ့​ကို​ပွေ့ဖက်​လျက်​၊ လည်ချင်းယှက်​လျက် နမ်း​လေ​၏​။ ထို့နောက် သူ​တို့​သည် ငိုကြွေး​ကြ​၏​။