ထိုအခါ ထာဝရအရှင်ဘုရားသခင်က မြွေအား “သင် ဤသို့ပြုသောကြောင့် တိရစ္ဆာန်အယဉ်နှင့် တိရစ္ဆာန်အရိုင်းအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဗိုက်ဖြင့်တွားသွား၍ အသက်ရှင်သမျှကာလပတ်လုံး မြေမှုန့်ကိုစားရမည်။ ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။ မိန်းမအားလည်း “သင်သန္ဓေတည်သောအခါ ငါသည် သင့်ကို ပင်ပန်းခက်ခဲမှု အများအပြားကြုံတွေ့စေမည်။ သင်သည် နာကျင်ခက်ခဲစွာသားဖွားရမည်။ သင်၏အလိုဆန္ဒသည် သင်၏ခင်ပွန်းအတွက်ဖြစ်လိမ့်မည်။ သူသည် သင့်ကိုအုပ်စိုးလိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့နောက် အာဒံအား “သင်သည် မိမိမယား၏စကားကိုနားထောင်၍ မစားရဟု သင့်အား ငါပညတ်ထားသောအပင်၏အသီးကိုစားသောကြောင့် မြေသည် သင့်အတွက် ကျိန်ခြင်းကိုခံရ၏။ သင်သည် အသက်ရှင်သမျှကာလပတ်လုံး မြေ၏အသီးကို ပင်ပန်းခက်ခဲစွာလုပ်ကိုင်စားသောက်ရမည်။ မြေသည် သင့်အဖို့ ဆူးပင်နှင့် ဆူးလေပင်တို့ကိုပေါက်စေမည်။ သင်သည် လယ်ယာမှထွက်သောအပင်ကို စားရမည်။ သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ကမ္ဘာဦးကျမ်း 3 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 3:14-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ