မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော တောရိုင်းတိရစ္ဆာန်အားလုံးတို့ထက် လိမ္မာပါးနပ်၏။ မြွေက မိန်းမအား “ဥယျာဉ်ထဲရှိ မည်သည့်အပင်၏အသီးကိုမျှ မစားရဟူ၍ ဘုရားသခင်သည် အမှန်ပင်မိန့်တော်မူသလော”ဟု မေးလေ၏။ မိန်းမကလည်း “ဥယျာဉ်ထဲရှိအပင်တို့၏အသီးကို ငါတို့စားခွင့်ရှိ၏။ သို့သော် ဥယျာဉ်အလယ်ရှိအပင်၏အသီးကိုမူ ဘုရားသခင်က ‘သင်တို့သည် ထိုအသီးကိုမစားရ၊ မထိရ။ ထိမိ၊ စားမိလျှင် သေရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မြွေအားဆိုလေ၏။ မြွေကလည်း “သင်တို့သည် မုချသေရမည်မဟုတ်။ ထိုအသီးကိုစားသောနေ့တွင် သင်တို့သည် မျက်စိပွင့်လင်း၍ အကောင်းအဆိုးကိုသိကာ ဘုရားသခင်ကဲ့သို့ဖြစ်မည်ကို ဘုရားသခင်သိတော်မူသောကြောင့်ဖြစ်၏”ဟု မိန်းမအားဆိုလေ၏။ ထိုအပင်မှာ စားချင်စဖွယ်ကောင်း၍ အမြင်အားဖြင့်လည်းတင့်တယ်ပြီး ပညာတိုးပွားစေရန်လည်း နှစ်လိုဖွယ်ကောင်းသောအပင်ဖြစ်သည်ကို မိန်းမသည်မြင်လျှင် ထိုအပင်၏အသီးကို ဆွတ်ယူ၍စားလေ၏။ မိမိနှင့်အတူရှိသောခင်ပွန်းအားလည်းပေး၍ သူသည်လည်း စားလေ၏။ ထိုအခါ ထိုသူနှစ်ဦးစလုံးသည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်မပါအချည်းစည်းဖြစ်သည်ကို သိသွားသဖြင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်လျက် မိမိတို့အတွက် ခါးဝတ်တန်ဆာကို ပြုလုပ်ကြ၏။ နေအေးသောအချိန်တွင် ဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားသည် ကြားလျှင် ထာဝရအရှင်ဘုရားသခင် ရှေ့တော်မှလွတ်ရန် ဥယျာဉ်ရှိသစ်ပင်များကြားတွင် ပုန်းကွယ်လျက်နေကြ၏။ ထာဝရအရှင်ဘုရားသခင်က လူကိုခေါ်၍ “သင်သည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။ လူကလည်း “ဥယျာဉ်၌ ကိုယ်တော်၏အသံကိုကြား၍ အကျွန်ုပ်မှာ အဝတ်မပါအချည်းစည်းဖြစ်သောကြောင့် ကြောက်၍ ပုန်းကွယ်နေပါသည်”ဟု လျှောက်လေ၏။ ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။ လူကလည်း “အကျွန်ုပ်နှင့်အတူနေစေရန် ကိုယ်တော်ပေးထားသောမိန်းမသည် ထိုအပင်မှအသီးကို အကျွန်ုပ်အားပေး၍ အကျွန်ုပ်စားမိပါသည်”ဟု ပြန်လျှောက်လေ၏။
ကမ္ဘာဦးကျမ်း 3 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 3:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ