YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 28:10-15

ကမ္ဘာဦးကျမ်း 28:10-15 MSBU

ယာကုပ်​သည် ဗေရရှေဘ​အရပ်​မှ​ထွက်ခွာ​၍ ဟာရန်​ပြည်​သို့​သွား​လေ​၏​။ တစ်နေရာ​သို့​ရောက်​သောအခါ နေဝင်​သွား​သောကြောင့် ထို​နေရာ​တွင် ညအိပ်နား​လေ​၏​။ သူ​သည် ထို​နေရာ​မှ​ကျောက်​ကို​ယူ​ပြီးလျှင် ခေါင်းအုံး​လုပ်​၍ ထို​အရပ်​၌ပင်​အိပ်​လေ​၏​။ ထိုအခါ သူ​အိပ်မက်မက်​သည်​မှာ မြေကြီး​ပေါ်တွင်​လှေကား​တစ်​စင်း​ထောင်​ထား​လျက်​ရှိ​၍ ၎င်း​၏​ထိပ်​သည် မိုးကောင်းကင်​အထိ​ရောက်​၏​။ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် ထို​လှေကား​ပေါ်တွင် တက်​လျက်​၊ ဆင်း​လျက်​ရှိ​ကြ​၏​။ ထာဝရဘုရား​သည် သူ့​အနား​တွင်​ရပ်​နေ​၍ “​ငါ​သည် သင့်​ဖခင်​အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​ဖြစ်​၏​။ သင်​အိပ်​နေ​သော​မြေ​ကို သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​။ သင်​၏​သားစဉ်မြေးဆက်​သည် မြေမှုန့်​ကဲ့သို့​များပြား​၍ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် အရပ်ရပ်​သို့​ပျံ့နှံ့​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့်​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​အားဖြင့်​လည်းကောင်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။ ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ သင်​သွား​လေရာရာ​၌ သင့်​ကို​စောင့်ရှောက်​၍ ဤ​ပြည်​သို့ သင့်​ကို ပြန်ခေါ်လာ​ဦး​မည်​။ အကယ်စင်စစ် သင့်​အား​ငါ​ကတိပေး​သည့်​အရာ မ​ပြည့်စုံ​မ​ချင်း ငါ​သည် သင့်​ကို​စွန့်ပစ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။