ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို အိပ်မောကျစေတော်မူ၍ သူအိပ်ပျော်စဉ် သူ၏နံရိုးတစ်ချောင်းကို ထုတ်ယူပြီးလျှင် ထိုနေရာကို အသားဖြင့်ပြန်ပိတ်တော်မူ၏။ ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် လူထဲမှထုတ်ယူသောနံရိုးဖြင့် မိန်းမကိုဖန်ဆင်း၍ လူထံသို့ ခေါ်ဆောင်လာခဲ့၏။ ထိုအခါ လူက “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ သူ့ကို ယောက်ျားထဲမှထုတ်ယူသောကြောင့် မိန်းမ ဟူ၍မှည့်ခေါ်မည်”ဟု ဆိုလေ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။ ထိုလူလင်မယားနှစ်ဦးစလုံးတို့သည် အဝတ်မပါအချည်းစည်းနေကြသော်လည်း ရှက်ကြောက်ခြင်းမရှိကြပေ။
ကမ္ဘာဦးကျမ်း 2 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 2:21-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ