YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 14:17-24

ကမ္ဘာဦးကျမ်း 14:17-24 MSBU

ခေဒေါရလောမာ​မင်းကြီး​မှစ၍ သူ​၏​မဟာမိတ်​ဘုရင်​တို့​ကို လုပ်ကြံ​ရာ​မှ အာဗြံ​ပြန်လာ​သောအခါ သောဒုံ​ဘုရင်​သည် သူ့​ကို​ကြိုဆို​ရန် ဘုရင့်​ချိုင့်ဝှမ်း​တည်းဟူသော ရှာဗက်​ချိုင့်ဝှမ်း​သို့ ထွက်လာ​၏​။ ဆလင်​ဘုရင်​မေလခိဇေဒက်​မင်းကြီး​သည်​လည်း မုန့်​နှင့်​စပျစ်ဝိုင်​ကို​ယူဆောင်​ခဲ့​၏​။ သူ​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏​။ သူ​သည် အာဗြံ​ကို​ကောင်းချီးပေး​လျက် “​ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် အာဗြံ​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။ သင်​၏​ရန်သူ​တို့​ကို သင့်​လက်​သို့ အပ်နှံ​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​”​ဟု မြွက်ဆို​လေ​၏​။ အာဗြံ​သည်​လည်း ရှိသမျှ​သော​အရာ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သူ့​အား​ပေးလှူ​၏​။ သောဒုံ​ဘုရင်​က “​လူ​တို့​ကို ငါ့​အား​ပြန်ပေး​ပါ​။ ဥစ္စာ​တို့​ကို​ကား သင့်​အဖို့​ယူ​ပါ​လော့​”​ဟု အာဗြံ​အား​ဆို​လေ​၏​။ သို့သော် အာဗြံ​က “​ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​ထာဝရဘုရား​ထံသို့ အကျွန်ုပ်​လက်​ကို​မြှောက်​၍ တိုင်တည်​ပါ​၏​။ ‘​ငါ​သည် အာဗြံ​ကို​ချမ်းသာကြွယ်ဝ​စေ​ပြီ​’​ဟု မင်းကြီး​ဆိုစရာ​မ​ရှိ​စေရန် မင်းကြီး​ပိုင်ဆိုင်​သော​အရာ​အားလုံး​ထဲမှ အပ်ချည်​တစ်​မျှင်​၊ သည်းကြိုး​တစ်​ချောင်း​ကို​မျှ အကျွန်ုပ်​မ​ယူ​ပါ​။ ငယ်သား​တို့​စား​သော​အရာ​နှင့် အကျွန်ုပ်​နှင့်အတူ​လိုက်​ခဲ့​သော အာနေရ​၊ ဧရှကောလ​နှင့် မံရေ​တို့​၏​ဝေစု​ကို​သာ ယူ​ပါ​မည်​။ သူ​တို့​ဝေစု​ကို​သူ​တို့​ယူ​ကြ​ပါစေ​”​ဟု သောဒုံ​ဘုရင်​အား ဆို​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။