YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 12:10-20

ကမ္ဘာဦးကျမ်း 12:10-20 MSBU

ထို့နောက် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​၏​။ ထို​ပြည်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​အလွန်​ဆိုးရွား​သောကြောင့် အာဗြံ​သည် အီဂျစ်​ပြည်​၌​တည်းခိုနေထိုင်​ရန် ဆင်းသွား​လေ​၏​။ အီဂျစ်​ပြည်​သို့ ရောက်​လု​နီး​သောအခါ သူ​သည် မိမိ​မယား​စာရဲ​အား “​ကြည့်ရှု​လော့​။ သင်​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သော​အမျိုးသမီး​ဖြစ်​သည်​ကို ငါ​သိ​၏​။ အီဂျစ်​ပြည်သား​တို့​သည် သင့်​ကို​တွေ့မြင်​သောအခါ ‘​ဤ​အမျိုးသမီး​သည် သူ​၏​မယား​ဖြစ်​၏​’​ဟု ဆို​လျက် ငါ့​ကို​သတ်​၍ သင့်​ကို​အသက်ချမ်းသာ​ပေး​ကြ​လိမ့်မည်​။ သို့ဖြစ်၍ သင်​သည် ငါ့​နှမ​ဖြစ်​သည်​ဟု ပြော​ပါ​။ ထိုသို့​ပြော​လျှင် သင့်​အတွက်ကြောင့် ငါ​သည်​ကောင်းစား​၍ ငါ့​အသက်​သည်​လည်း သင့်​ကြောင့် ချမ်းသာ​ရာ​ရ​လိမ့်မည်​”​ဟု ဆို​၏​။ အီဂျစ်​ပြည်​သို့ အာဗြံ​ရောက်​သောအခါ စာရဲ​သည် အလွန်​လှပ​သော​အမျိုးသမီး​ဖြစ်​သည်​ကို အီဂျစ်​ပြည်သား​တို့​တွေ့မြင်​ကြ​၏​။ ဖာရော​မင်းကြီး​၏​မှူးမတ်​တို့​သည်​လည်း ထို​အမျိုးသမီး​ကို​တွေ့မြင်​၍ ဖာရော​မင်းကြီး​ရှေ့​၌ သူ့​အကြောင်း​ကို​ချီးကျူးပြောဆို​သဖြင့် သူ​သည် ဖာရော​မင်းကြီး​၏​နန်းတော်​သို့ သိမ်းယူ​ခြင်း​ခံရ​လေ​၏​။ ဖာရော​မင်းကြီး​သည် စာရဲ​ကြောင့် အာဗြံ​ကို​ကောင်းစား​စေ​သဖြင့် အာဗြံ​သည် သိုးအုပ်​၊ နွားအုပ်​၊ မြည်းထီး​၊ မြည်းမ​၊ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ ကုလားအုတ်​တို့​ကို​ပိုင်ဆိုင်​လာ​လေ​၏​။ သို့သော် ထာဝရဘုရား​သည် အာဗြံ​၏​မယား​စာရဲ​အတွက်ကြောင့် ဖာရော​မင်းကြီး​နှင့် သူ​၏​နန်းတော်သူ​နန်းတော်သား​တို့​အပေါ် ကြီးစွာ​သော​ဘေးဒဏ်​ကို​ကျရောက်​စေ​တော်မူ​၏​။ ထိုအခါ ဖာရော​မင်းကြီး​သည် အာဗြံ​ကို​ဆင့်ခေါ်​၍ “​ငါ​၌ သင်​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ သူ​သည် သင်​၏​မယား​ဖြစ်ကြောင်း ငါ့​ကို အဘယ်ကြောင့်​မ​ပြော​သနည်း​။ သူ့​ကို​ငါ​၏​မယား​အဖြစ်​ယူ​မိ​စေရန် ‘​သူ​သည် ငါ့​နှမ​ဖြစ်​သည်​’​ဟု ငါ့​ကို အဘယ်ကြောင့် ပြော​ရ​သနည်း​။ သင်​၏​မယား​ကို ယခု​ခေါ်​၍ ထွက်သွား​လော့​”​ဟု မိန့်ဆို​၏​။ ထို့နောက် ဖာရော​မင်းကြီး​သည် သူ့​လူ​တို့​ကို အာဗြံ​နှင့်​ပတ်သက်၍​မှာကြား​လိုက်​သဖြင့် သူ​တို့​သည် အာဗြံ​ကို သူ​၏​မယား​၊ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​နှင့်တကွ ထွက်ခွာ​စေ​ကြ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။