ထိုစဉ်က ကမ္ဘာမြေတစ်ခွင်လုံးတွင် ဘာသာစကားတစ်မျိုးတည်း၊ အသုံးအနှုန်းတစ်မျိုးတည်းရှိ၏။ လူတို့သည် အရှေ့အရပ်မှရွှေ့ပြောင်း၍ ရှိနာပြည်၌ လွင်ပြင်ကိုတွေ့သဖြင့် ထိုနေရာ၌ အခြေချကြ၏။ သူတို့က “လာကြ။ အုတ်လုပ်၍ ကောင်းစွာမီးဖုတ်ကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ ထိုသို့ သူတို့သည် ကျောက်အစား အုတ်ကိုရ၍ သရွတ်အစား ကတ္တရာစေးကိုရကြ၏။ ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။ ထာဝရဘုရားသည် လူသားတို့တည်ဆောက်သော မြို့နှင့်ရဲတိုက်ကိုကြည့်ရှုရန် ဆင်းသက်တော်မူ၏။ ထာဝရဘုရားက “ကြည့်ရှုလော့။ သူတို့အားလုံးသည် လူမျိုးတစ်မျိုးတည်း၊ ဘာသာစကားတစ်မျိုးတည်းဖြစ်သဖြင့် ဤအမှုကိုစတင်ပြုကြပြီ။ ယခု သူတို့ပြုလုပ်ရန်ကြံစည်သမျှတို့တွင် သူတို့အတွက် မဖြစ်နိုင်သောအရာ တစ်စုံတစ်ခုမျှရှိလိမ့်မည်မဟုတ်။ လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။ ထိုသို့ ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူသဖြင့် သူတို့သည် မြို့တည်ဆောက်ခြင်းကို ရပ်တန့်ကြ၏။ ထာဝရဘုရားသည် ထိုနေရာတွင် မြေကြီးသားအပေါင်းတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဘေဘီလုံ ဟုခေါ်ကြ၏။ ထို့ပြင် ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူ၏။
ကမ္ဘာဦးကျမ်း 11 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 11:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ