တစ်ဖန် ဘုရားသခင်က “ငါတို့၏ပုံသဏ္ဌာန်အတိုင်း ငါတို့နှင့်တစ်ပုံစံတည်းတူသောလူကို ဖန်ဆင်းကြစို့။ သူတို့သည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ ကမ္ဘာမြေတစ်ခွင်လုံးကိုလည်းကောင်း၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြစေ”ဟု မိန့်တော်မူ၏။ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းရာတွင် ယောက်ျားနှင့်မိန်းမအဖြစ် သူတို့ကိုဖန်ဆင်းတော်မူ၏။ ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ တစ်ဖန် ဘုရားသခင်က “ကြည့်ရှုလော့။ မြေတစ်ပြင်လုံးရှိ အစေ့အနှံထွက်သောအပင်ရှိသမျှနှင့် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သစ်ပင်ရှိသမျှတို့ကို သင်တို့အားငါပေး၏။ ၎င်းတို့သည် သင်တို့အတွက် စားစရာဖြစ်ကြလိမ့်မည်။ တောရိုင်းတိရစ္ဆာန်အားလုံး၊ မိုးကောင်းကင်ငှက်အားလုံး၊ မြေပေါ်မှာတွားသွားသောသတ္တဝါအားလုံး စသည့် သက်ရှိသတ္တဝါတို့စားစရာအတွက်မူကား စိမ်းလန်းသောမြက်ပင်အမျိုးမျိုးတို့ကို ငါပေး၏”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ကမ္ဘာဦးကျမ်း 1 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 1:26-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ