YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 5:2-6

ဂလာတိဩဝါဒစာ 5:2-6 MSBU

နားထောင်​ကြ​လော့။ ငါ​ပေါလု​က သင်​တို့​အား​ဆို​သည်​ကား သင်​တို့​သည် အရေဖျား​လှီး​ခြင်း​ကို​ခံ​လျှင် ခရစ်တော်​သည် သင်​တို့​အတွက် မည်သည့်​အကျိုး​မျှ​ရှိ​မည်​မ​ဟုတ်။ အရေဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တိုင်း​အား တစ်ဖန် ငါ​သတိပေး​သည်​ကား ထို​သူ​သည် ပညတ်​တရား​အလုံးစုံ​ကို ကျင့်သုံး​ရ​မည့်​တာဝန်​ရှိ​၏။ ပညတ်​တရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံ​လို​သော​သင်​တို့​သည် ခရစ်တော်​ထံမှ ဖယ်ရှား​ခြင်း​ခံရ​၍ ကျေးဇူး​တော်​ထံမှ ရွေ့လျော​သွား​ကြ​ပြီ။ အကြောင်းမူကား ငါ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​ခြင်း​ကို​ရရှိ​မည်​ဟူ​သည့်​မျှော်လင့်​ခြင်း​ကို ဝိညာဉ်​တော်​၌​အမှီပြု​လျက် စောင့်မျှော်​နေ​ကြ​၏။ ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။