YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 4:21-31

ဂလာတိဩဝါဒစာ 4:21-31 MSBU

ပညတ်​တရား​အောက်၌​နေ​လို​သော​သူ​တို့၊ ငါ့​ကို​ပြောပြ​ကြ​လော့။ ပညတ်​တရား​က မည်သို့​မိန့်ဆို​ထား​သည်​ကို သင်​တို့​မ​ကြား​ကြ​သလော။ အကြောင်းမူကား “အာဗြဟံ​၌ သား​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ကျွန်​မ​၏​သား​ဖြစ်​ပြီး တစ်​ဦး​သည် လွတ်လပ်​သော​မိန်းမ​၏​သား​ဖြစ်​၏”​ဟု ရေး​ထား​၏။ ကျွန်​မ​၏​သား​သည် သွေးသား​ဇာတိ​အရ​မွေးဖွား​လာ​၏။ လွတ်လပ်​သော​မိန်းမ​၏​သား​မူကား ကတိ​တော်​အရ​မွေးဖွား​လာ​၏။ ဤ​အကြောင်းအရာ​တို့​သည် ပုံဆောင်​ချက်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား ထို​မိန်းမ​နှစ်​ဦး​သည် ပဋိညာဉ်​နှစ်​ပါး​ကို​ဆိုလို​၏။ တစ်​ပါး​သည် သိနာ​တောင်​မှ​ဖြစ်၍ ကျွန်​ကို​မွေးဖွား​၏။ ထို​သူ​သည် ဟာဂရ​ဖြစ်​၏။ ဟာဂရ​သည် အာရေဗျ​ပြည်​၌​ရှိ​သော သိနာ​တောင်​ကို​ဆိုလို​၍ လက်ရှိ​ဂျေရုဆလင်​မြို့​နှင့်​လည်း အလားတူ​၏။ အဘယ်ကြောင့်​ဆိုသော် ၎င်း​သည် မိမိ​၏​သားသမီး​တို့​နှင့်အတူ ကျွန်ခံ​နေ​ရ​၏။ သို့သော် အထက်​အရပ်​တွင်​ရှိ​သော ဂျေရုဆလင်​မြို့​သည် လွတ်လပ်​သော​မိန်းမ​ဖြစ်၍ ၎င်း​သည် ငါ​တို့​၏​အမိ​ဖြစ်​၏။ အကြောင်းမူကား “သား​မ​ဖွား​ဖူး​သော​အမြုံမ၊ ပျော်ရွှင်​လော့။ သားဖွား​ခြင်း​ဝေဒနာ​ကို​မ​ခံစား​ဖူး​သော​မိန်းမ၊ အသံကုန်​လွှင့်​၍ ဟစ်ကြော်​လော့။ အဘယ်ကြောင့်​ဆိုသော် စွန့်ပစ်​ခံရ​သော​မိန်းမ​၏​သားသမီး​တို့​သည် ယောက်ျား​ရှိ​သော​မိန်းမ​၏​သားသမီး​တို့​ထက် များ​ကြ​၏”​ဟု ရေး​ထား​၏။ ညီအစ်ကို​တို့၊ သင်​တို့​မူကား ဣဇက်​ကဲ့သို့ ကတိ​တော်​နှင့်ဆိုင်သော သားသမီး​များ​ဖြစ်​ကြ​၏။ သို့သော် ထိုစဉ်က သွေးသား​ဇာတိ​အရ​မွေးဖွား​သော​သား​သည် ဝိညာဉ်​တော်​အရ​မွေးဖွား​သော​သား​ကို ညှဉ်းဆဲ​သကဲ့သို့ ယခု​လည်း ထိုနည်းတူ​ဖြစ်​၏။ သို့ရာတွင် ကျမ်းစာ​က မည်သို့​ဆို​ထား​သနည်း။ “ကျွန်​မ​နှင့်​သူ​၏​သား​ကို နှင်ထုတ်​လော့။ အကြောင်းမူကား ကျွန်​မ​၏​သား​သည် လွတ်လပ်​သော​မိန်းမ​၏​သား​နှင့်အတူ လုံးဝ​အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်”​ဟု ဆို​ထား​၏။ သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် ကျွန်​မ​၏​သားသမီး​များ​မ​ဟုတ်​ဘဲ လွတ်လပ်​သော​မိန်းမ​၏​သားသမီး​များ​ဖြစ်​ကြ​၏။