YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 3:17-19

ယေဇကျေလအနာဂတ္တိကျမ်း 3:17-19 MSBU

“​အချင်း​လူသား​၊ ငါ​သည် သင့်​ကို အစ္စရေး​လူမျိုး​တို့​ကို​စောင့်ကြည့်​သော ကင်းစောင့်​အဖြစ် ခန့်ထား​ပြီ​။ ငါ​ပြော​သော​စကား​ကို​ကြား​တိုင်း သူ​တို့​ကို ပြန်ပြော​ရ​မည်​။ ဆိုးယုတ်​သော​သူ​အား ‘​သင်​မုချ​သေ​ရ​မည်​’​ဟု ငါ​ဆို​လျက်​နှင့် သူ​၏​ဆိုးယုတ်​ခြင်း​လမ်း​မှ ပြန်လှည့်​၍ အသက်ချမ်းသာ​ရ​ရန် သင်​သည် သူ့​ကို သတိ​မ​ပေး​၊ မ​ပြောပြ​ဘဲ​နေ​လျှင် ထို​ဆိုးယုတ်​သော​သူ​သည် သူ့​အပြစ်​ကြောင့် သေ​ရ​မည်​။ သို့သော် သူ့​အသက်​ကို သင့်​ထံမှ ပြန်တောင်း​မည်​။ အကယ်၍ ဆိုးယုတ်​သော​သူ​ကို သင်​သတိပေး​သော်လည်း သူ​သည် ဆိုးယုတ်​သော​အပြစ်​လမ်း​မှ ပြန်​မ​လှည့်​လျှင် သူ့​အပြစ်​အတွက် သူ​သေ​ရ​မည်​။ သင်​မူကား အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။