တစ်ဖန် ထာဝရဘုရားက မောရှေအား “ကြည့်လော့။ ငါသည် ယုဒအမျိုးအနွယ်မှ ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလကို အမည်နှင့်တကွခေါ်လေပြီ။ သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။ ထို့ကြောင့် သူသည် ရွှေ၊ ငွေ၊ ကြေးနီသွန်းလုပ်ရာတွင်လည်း အနုပညာလက်ရာမြောက်စွာ သွန်းလုပ်နိုင်၏။ ကျောက်ကိုထုဆစ်ပုံဖော်ခြင်း၊ သစ်သားကိုထွင်းထုပုံဖော်ခြင်းစသော လက်မှုအတတ်ပညာအမျိုးမျိုးတို့ကိုလည်း တတ်မြောက်၏။ သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။ ထိုသူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုလည်းကောင်း၊ သက်သေခံချက်သေတ္တာတော်နှင့် ထိုသေတ္တာတော်ပေါ်ရှိ ကရုဏာတော်ပလ္လင်ကိုလည်းကောင်း၊ တဲတော်၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ စားပွဲနှင့် ထိုစားပွဲ၏တန်ဆာပလာများကိုလည်းကောင်း၊ ရွှေစင်ဆီမီးခုံနှင့် ထိုဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ နံ့သာပေါင်းယဇ်ပလ္လင်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ အင်တုံနှင့် ထိုအင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အာရုန်အတွက်ရက်ထည်အဝတ်တန်ဆာ၊ သန့်ရှင်းသောအဝတ်တန်ဆာနှင့် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာကိုလည်းကောင်း၊ ဘိသိက်ဆီကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်အတွက် အမွှေးနံ့သာပေါင်းကိုလည်းကောင်း သင့်အားငါမိန့်မှာသမျှအတိုင်း ပြုလုပ်ကြရမည်”ဟု မိန့်တော်မူ၏။
ထွက်မြောက်ရာကျမ်း 31 ကိုဖတ်ပါ။
နားထောင်ပါ။ ထွက်မြောက်ရာကျမ်း 31
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာကျမ်း 31:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ