YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 12:5-13

ထွက်မြောက်ရာကျမ်း 12:5-13 MSBU

သင်​တို့​ယူ​သော​အကောင်​သည် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​အထီး​ဖြစ်​ရ​မည်​။ သိုး​၊ သို့မဟုတ် ဆိတ်​တို့​ထဲမှ ယူ​နိုင်​၏​။ ထို​သိုးသငယ်​ကို ဤ​လ​တစ်ဆယ့်​လေး​ရက်​တိုင်အောင် သင်​တို့​ထံ၌ ထိန်းသိမ်းစောင့်ရှောက်​ထား​ပြီး အစ္စရေး​လူထု​အစုအဝေး​အပေါင်း​တို့​သည် နေဝင်ချိန်​၌​သတ်​၍ သွေး​ကို​ယူ​ပြီးလျှင် သိုးသငယ်​ကို​စား​သော​သူ​တို့​နေ​သော​အိမ်​များ​၏​တံခါးတိုင်​နှစ်​ဖက်​နှင့် တံခါးထုပ်​တို့​၌ သုတ်လိမ်း​ရ​မည်​။ ဤ​ည​၌ပင် အသား​ကို​မီး​ကင်​၍ တဆေးမဲ့မုန့်​နှင့်​ခါး​သော​ဟင်းရွက်​တို့​ဖြင့် စား​ရ​မည်​။ အစိမ်းလိုက်​ဖြစ်စေ​၊ ရေ​ဖြင့်​ပြုတ်​၍​ဖြစ်စေ မ​စား​ရ​။ ဦးခေါင်း​နှင့်တကွ ခြေထောက်​နှင့် အူ​တို့​ကို မီး​ကင်​ပြီးမှ​စား​ရ​မည်​။ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ နံနက်​တိုင်အောင်​ကြွင်းကျန်​လျှင် မီး​ရှို့​ပစ်​ရ​မည်​။ သင်​တို့ အဘယ်သို့​စား​ရ​မည်နည်း​ဟူမူကား သင်​တို့​၏​ခါး​ကို​စည်း​လျက်​၊ ခြေ​၌​ဖိနပ်​ကို​စီး​လျက်​၊ လက်​ထဲ၌​တောင်ဝှေး​ကို​ကိုင်​လျက် အလျင်အမြန်​စား​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​၏​ပသခါပွဲတော်​ဖြစ်​၏​။ ဤ​ည​တွင် ငါ​သည် အီဂျစ်​ပြည်​ကို​ဖြတ်သွား​၍ အီဂျစ်​ပြည်​၌​ရှိ​သော လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် သားဦး​အပေါင်း​တို့​ကို​ဒဏ်ခတ်​မည်​။ ငါ​သည် အီဂျစ်​ဘုရား​ရှိသမျှ​တို့​ကို​လည်း အပြစ်ဒဏ်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ သွေး​သည် သင်​တို့​နေ​သော​အိမ်​များ​၌ သင်​တို့​အတွက် အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​။ ငါ​သည် ထို​သွေး​ကို​မြင်​သောအခါ သင်​တို့​ကို​ကျော်သွား​မည်​။ အီဂျစ်​ပြည်​ကို ငါ​ဒဏ်ခတ်​သောအခါ ဖျက်ဆီး​ခြင်း​ဘေးဒဏ်​သည် သင်​တို့​အပေါ်​သို့ သက်ရောက်​မည်​မ​ဟုတ်​။