YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 4:26-32

ဧဖက်ဩဝါဒစာ 4:26-32 MSBU

အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်။ အမျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။ မာရ်နတ်​ကို​လည်း အခွင့်​မ​ပေး​ကြ​နှင့်။ ခိုး​တတ်​သော​သူ​သည် နောက်ထပ် မ​ခိုး​ဘဲ လိုအပ်​သော​သူ​အား ဝေမျှ​စရာ​ရှိ​စေရန် မိမိ​လက်​ဖြင့် ကောင်း​သော​အလုပ်​ကို အားထုတ်​လုပ်ဆောင်​စေ။ သင်​တို့​၏​နှုတ်​ထဲမှ မကောင်း​သော​စကား​တစ်ခွန်း​ကို​မျှ မ​ထွက်​စေ​နှင့်။ ကြား​ရ​သော​သူ​တို့​ကို ကျေးဇူးပြု​နိုင်​ရန် လိုအပ်​ချက်​နှင့်အညီ တည်ဆောက်​စရာ​ဖြစ်​စေ​သည့် ကောင်း​သော​စကား​တို့​ကို​သာ ပြောဆို​ကြ​လော့။ ဘုရားသခင်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေးနုတ်​ခြင်း​နေ့ရက်​အတွက် ထို​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။ ခပ်သိမ်း​သော​ခါးသီး​နာကြည်း​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ အမျက်ထွက်​ခြင်း၊ အော်ဟစ်​ငေါက်ငမ်း​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​ကို မကောင်းမှု​အလုံးစုံ​နှင့်အတူ သင်​တို့​ထံမှ ဖယ်ရှား​ကြ​လော့။ အချင်းချင်း​ကျေးဇူးပြု​လျက် သနားစုံမက်​ကြ​ကာ ဘုရားသခင်​သည် ခရစ်တော်​၌ သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။