YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 1:15-23

ဧဖက်ဩဝါဒစာ 1:15-23 MSBU

ထို့ကြောင့် ငါ​သည်​လည်း သခင်​ယေရှု​အပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​ထားရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ကြားသိ​သဖြင့် သင်​တို့​အတွက် အစဉ်မပြတ်​ကျေးဇူး​တော်​ချီးမွမ်း​လျက် ငါ​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သည့်​ခမည်းတော်​သည် မိမိ​ကို​သိရှိ​စေရန် ဉာဏ်ပညာ​နှင့်​ဗျာဒိတ်​တော်​ဆိုင်ရာ​ဝိညာဉ်​ကို သင်​တို့​အား ပေး​တော်မူ​မည့်​အကြောင်း​နှင့် ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​မျက်စိ​ကို ပွင့်လင်း​စေ​၍ ခေါ်ယူ​တော်မူ​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ခံရ​မည့်​အမွေ​တော်​သည် ဘုန်း​အသရေ​နှင့် မည်မျှ​ကြွယ်ဝ​သည်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​၏​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​သော​ငါ​တို့​အပေါ်​သက်ရောက်​သည့် ကိုယ်တော်​၏​တန်ခိုး​သည် မည်မျှ​ထူးကဲ​ကြီးမား​သည်​ကို​လည်းကောင်း သင်​တို့​အား​သိ​စေ​မည့်​အကြောင်း တောင်းလျှောက်​၏။ ဘုရားသခင်​သည် ထို​အစွမ်းသတ္တိ​နှင့်​တန်ခိုး​အရှိန်အဝါ​တို့​ကို ခရစ်တော်​ထဲ၌ သက်ဝင်​လှုပ်ရှား​စေ​တော်မူ​၍ ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​ကာ ခပ်သိမ်း​သော အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုး၊ စိုးပိုင်ခွင့်​နှင့် မျက်မှောက်​ကာလ​၌​သာမက တမလွန်​ကာလ​၌​လည်း ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သည့် ဘွဲ့​နာမ​ရှိသမျှ​တို့​၏​အပေါ် အထက်​ကောင်းကင်​အရပ်​၌ မိမိ​၏​လက်ယာ​တော်​ဘက်​တွင် ထိုင်​စေ​တော်မူ​၏။ အရာ​ခပ်သိမ်း​တို့​ကို​လည်း ခရစ်တော်​၏​ခြေ​တော်​အောက်၌ ချ​ထား​၍ ကိုယ်တော်​ကို အရာ​ခပ်သိမ်း​တို့​အပေါ် ဦးခေါင်း​ဖြစ်​စေ​ပြီး အသင်းတော်​အား​ပေး​တော်မူ​၏။ ထို​အသင်းတော်​သည် အလုံးစုံ​တို့​ကို အလုံးစုံ​တို့​၌ ပြည့်စုံ​စေ​တော်မူ​သော​အရှင်​၏​ပြည့်စုံ​ခြင်း​တည်းဟူသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ဖြစ်​၏။