YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 1:1-6

ဧဖက်ဩဝါဒစာ 1:1-6 MSBU

ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် ခရစ်တော်​ယေရှု​၌​သစ္စာ​ရှိ​သည့် ဧဖက်​မြို့​တွင်​နေ​ကြ​သော​သန့်ရှင်း​သူ​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။ အထက်​ကောင်းကင်​အရပ်​တွင်​ရှိ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ကောင်းချီး​မင်္ဂလာ​အပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခရစ်တော်​၌ ကောင်းချီး​ပေး​တော်မူ​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ငါ​တို့​သည် ရှေ့​တော်​၌ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ဘုရားသခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ငါ​တို့​ကို ခရစ်တော်​၌​ရွေးကောက်​တော်မူ​ပြီး မိမိ​အလို​တော်​နှင့်ညီသော​စေတနာ​အတိုင်း ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​၏​သားသမီး​အရာ​၌ မေတ္တာ​တော်​ဖြင့် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ ဤသည်ကား ချစ်​တော်မူ​သော​သား​တော်​အားဖြင့် ငါ​တို့​အား​ပေး​သနား​တော်မူ​သော မိမိ​ကျေးဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။