YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 9:4-6

ဒေသနာကျမ်း 9:4-6 MSBU

အမှန်စင်စစ် အသက်ရှင်​သော​သူ​အားလုံး​တို့​တွင်​ပါဝင်​လျက်​ရှိ​သော​သူ​၌ မျှော်လင့်​ခြင်း​ရှိ​၏​။ အသက်ရှင်​သော​ခွေး​သည် သေ​သော​ခြင်္သေ့​ထက် ပို၍​ကောင်း​၏​။ အကြောင်းမူကား အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​သေ​ရ​မည်​ကို သိ​ကြ​၏​။ သေ​သော​သူ​တို့​မူကား မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ​။ သူ​တို့​နှင့်ဆိုင်သော​အောက်မေ့စရာ​များ​ပင်လျှင် မေ့လျော့​ခြင်း​ခံရ​သည်​ဖြစ်၍ သူ​တို့​အတွက် ဆုလာဘ်​လည်း နောက်ထပ်​မ​ရှိ​တော့​ပေ​။ သူ​တို့​၏​ချစ်ခြင်းမေတ္တာ​၊ သူ​တို့​၏​မုန်းတီး​ခြင်း​၊ သူ​တို့​၏​မနာလိုဝန်တို​ခြင်း​တို့​သည်​လည်း ပျက်စီး​ပြီ​ဖြစ်​၏​။ နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​၌ သူ​တို့​အတွက် နောက်တစ်ဖန်​မည်သည့်​ဝေစု​မျှ ရှိ​တော့​မည်​မ​ဟုတ်​။

​ဒေသနာကျမ်း 9:4-6 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။