YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 3:1-11

ဒေသနာကျမ်း 3:1-11 MSBU

ခပ်သိမ်း​သော​အရာ​အတွက် သတ်မှတ်​ထား​သော​အချိန်အခါ​ရှိ​၍ ကောင်းကင်​အောက်​ရှိ ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​ရှိ​၏​။ မွေးဖွား​ရ​သော​အချိန်​နှင့် သေဆုံး​ရ​သော​အချိန်​ရှိ​၏​။ စိုက်ပျိုး​ရ​သော​အချိန်​နှင့် စိုက်ပျိုး​ထား​သော​အရာ​ကို မြေလှန်​ဖျက်ဆီး​ရ​သော​အချိန်​ရှိ​၏​။ သတ်​ရ​သော​အချိန်​နှင့် ကျန်းမာ​စေ​ရ​သော​အချိန်​ရှိ​၏​။ ဖြိုဖျက်​ရ​သော​အချိန်​နှင့် တည်ဆောက်​ရ​သော​အချိန်​ရှိ​၏​။ ငိုကြွေး​ရ​သော​အချိန်​နှင့် ရယ်မော​ရ​သော​အချိန်​ရှိ​၏​။ မြည်တမ်း​ရ​သော​အချိန်​နှင့် ကခုန်​ရ​သော​အချိန်​ရှိ​၏​။ ကျောက်​များ​ကို​လွှင့်ပစ်​ရ​သော​အချိန်​နှင့် ကျောက်​များ​ကို​စု​ရ​သော​အချိန်​ရှိ​၏​။ ပွေ့ဖက်​ရ​သော​အချိန်​နှင့် ပွေ့ဖက်​ခြင်း​ကို​ရှောင်ကြဉ်​ရ​သော​အချိန်​ရှိ​၏​။ ရှာဖွေ​ရ​သော​အချိန်​နှင့် ဆုံးရှုံး​ရ​သော​အချိန်​ရှိ​၏​။ ထိန်းသိမ်း​ရ​သော​အချိန်​နှင့် လွှင့်ပစ်​ရ​သော​အချိန်​ရှိ​၏​။ ဆုတ်ဖြဲ​ရ​သော​အချိန်​နှင့် ချုပ်လုပ်​ရ​သော​အချိန်​ရှိ​၏​။ တိတ်တဆိတ်​နေ​ရ​သော​အချိန်​နှင့် စကားပြော​ရ​သော​အချိန်​ရှိ​၏​။ ချစ်​ရ​သော​အချိန်​နှင့် မုန်း​ရ​သော​အချိန်​ရှိ​၏​။ စစ်တိုက်​ရ​သော​အချိန်​နှင့် စစ်ပြေငြိမ်း​ရ​သော​အချိန်​ရှိ​၏​။ အလုပ်​လုပ်​သော​သူ​သည် မိမိ​၏​ကြိုးပမ်းအားထုတ်မှု​မှ မည်သည့်​အကျိုး​ကို​ရရှိ​သနည်း​။ လူသား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် အလုပ်​ကို ငါ​တွေ့မြင်​၏​။ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို သူ့​အချိန်​နှင့်​သူ​လှပ​အောင်​ပြင်ဆင်​တော်မူ​ပြီး လူ​၏​စိတ်နှလုံး​ထဲ၌ ထာဝရ​ကာလ​ကို​လည်း ထည့်သွင်း​ထား​တော်မူ​၏​။ သို့သော် အစ​မှ​အဆုံး​အထိ​ဘုရားသခင်​ပြု​တော်မူ​သော​အမှု​ကို လူ​သည် ရှာဖွေ​၍​မ​တွေ့​နိုင်​။

​ဒေသနာကျမ်း 3:1-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။