ရှောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်များနှင့်ပေါင်းဖော်ရန် ကြိုးစားသော်လည်း သူတို့အားလုံးသည် သူ့ကို တပည့်တော်ဖြစ်ကြောင်း မယုံဘဲ ကြောက်ကြ၏။ သို့သော် ဗာနဗသည် သူ့ကိုဖေးမ၍ တမန်တော်တို့ထံသို့ ခေါ်ဆောင်လာပြီးလျှင် ရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို တွေ့မြင်ခဲ့ပုံမှစ၍ သခင်ဘုရားက သူ့အားမိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင် ယေရှု၏နာမတော်၌ ရဲရင့်စွာ သူဟောပြောခဲ့ပုံတို့ကို သူတို့အား ပြောပြလေ၏။ ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့၌ သူတို့နှင့်အတူနေလျက် ဝင်ထွက်သွားလာကာ သခင်ဘုရား၏နာမတော်၌ ရဲရင့်စွာဟောပြောလေ၏။ သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလျက်နေ၏။ သို့သော် သူတို့သည် ရှောလုကိုသတ်ရန် ကြံစည်အားထုတ်ကြ၏။ ထိုအကြောင်းကို ညီအစ်ကိုတို့ကြားသိကြသောအခါ သူ့ကို ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်သွား၍ တာရှုမြို့သို့လွှတ်လိုက်ကြ၏။
တမန်တော်ဝတ္ထု 9 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော်ဝတ္ထု 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော်ဝတ္ထု 9:26-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ