YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 5:27-32

တမန်တော်ဝတ္ထု 5:27-32 MSBU

သူ​တို့​ကို​ခေါ်ဆောင်​လာ​ကြ​၏။ တမန်တော်​တို့​သည် တရား​လွှတ်တော်​ရှေ့၌​ရပ်​ကြ​သောအခါ ယဇ်ပုရောဟိတ်​မင်း​က “ဤ​နာမ​ကို​အမှီပြု၍ မ​သွန်သင်​ကြ​ရန် သင်​တို့​အား တင်းကျပ်​စွာ​အမိန့်​ပေး​ထား​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​သည် ဂျေရုဆလင်​မြို့​၌ သင်​တို့​၏​သွန်သင်​ချက်​ကို​ပျံ့နှံ့​စေ​၍ ထို​သူ​၏​သွေး​ကို ငါ​တို့​အပေါ်​သက်ရောက်​စေရန် ကြံရွယ်​ကြ​သည်​တကား”​ဟု မေးမြန်း​ပြောဆို​လေ​၏။ သို့သော် ပေတရု​နှင့်​တမန်တော်​တို့​က “လူ​တို့​၏​စကား​ကို နားထောင်​သည်​ထက် ဘုရားသခင်​၏​စကား​ကို နားထောင်​သင့်​ပါ​၏။ ငါ​တို့​ဘိုးဘေး​များ​၏​ဘုရားသခင်​သည် သစ်​တိုင်​ပေါ်၌ သင်​တို့​ဆွဲ​ထား​၍ ကွပ်မျက်​ခဲ့​သော​ယေရှု​ကို ထမြောက်​စေ​တော်မူ​၏။ ဘုရားသခင်​သည် အစ္စရေး​လူမျိုး​တို့​အား နောင်တရ​ခြင်း​နှင့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ပေး​သနား​တော်မူ​ရန် ထို​အရှင်​ကို စိုးပိုင်​သော​အရှင်​နှင့် ကယ်တင်ရှင်​အဖြစ် မိမိ​လက်ယာ​တော်​ဘက်​၌ ချီးမြှောက်​တော်မူ​၏။ ငါ​တို့​သည် ဤ​အကြောင်းအရာ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် မိမိ​စကား​ကို​နားထောင်​သော​သူ​တို့​အား ပေး​တော်မူ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည်​လည်း သက်သေ​ဖြစ်​တော်မူ​၏”​ဟု ပြန်ဖြေ​ကြ​၏။