YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 28:1-10

တမန်တော်ဝတ္ထု 28:1-10 MSBU

ငါ​တို့​သည် ဘေးကင်း​စွာ​ရောက်ရှိ​ကြ​သောအခါ ထို​ကျွန်း​ကို မေလိတေ​ကျွန်း​ဟု​ခေါ်​ကြောင်း သိ​ရ​ကြ​၏။ ကျွန်းသား​တို့​သည် ငါ​တို့​အား ထူးခြား​သော​ချစ်ခင်​ကြင်နာ​မှု​ကို​ပြသ​ကြ​၏။ မိုး​ရွာ​၍​ချမ်းအေး​သောကြောင့် သူ​တို့​သည် မီး​ဖို​လျက် ငါ​တို့​အားလုံး​ကို လက်ခံ​ကြိုဆို​ကြ​၏။ ပေါလု​သည် ထင်း​များ​ကို​စုစည်း​လျက် မီး​ထဲသို့​ထည့်​လိုက်​ရာ မြွေဆိုး​တစ်​ကောင်​သည် မီး​အပူရှိန်​ကြောင့် ထွက်လာ​၍ ပေါလု​လက်​၌ တွယ်ကပ်​လေ​၏။ ကျွန်းသား​တို့​သည် သူ​၏​လက်​မှ​တွဲလဲ​ကျ​နေ​သော သတ္တဝါ​ကို​မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် လူသတ်သမား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်လယ်​ဘေး​မှ​လွတ်​ခဲ့​သော်လည်း မျှတ​မှု​နတ်​ဘုရားမ​က သူ့​ကို အသက်ရှင်​ခွင့်​မ​ပေး”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သို့သော် ပေါလု​သည် ထို​သတ္တဝါ​ကို မီး​ထဲသို့​ခါချ​လျက် မည်သည့်​ဘေးဥပဒ်​မျှ မ​ခံစား​ရ​ချေ။ ကျွန်းသား​တို့​က သူ​သည် ယောင်​လာ​တော့​မည်​၊ သို့မဟုတ် ရုတ်တရက်​လဲကျ​၍ သေဆုံး​လိမ့်မည်​ဟု​ဆို​လျက် စောင့်ကြည့်​နေ​ကြ​၏။ သို့သော် ကြာမြင့်​စွာ​စောင့်ကြည့်​နေ​သော်လည်း မကောင်း​သည့်​လက္ခဏာ​တစ်စုံတစ်ခု​မျှ သူ​၌​မ​ဖြစ်​သည်​ကို မြင်​ကြ​သောအခါ သူ​တို့​သည် စိတ်​ပြောင်း​သွား​၍ ဤ​သူ​ကား ဘုရား​ဖြစ်​သည်​ဟု​ဆို​ကြ​၏။ ထို​နေရာ​အနီး​တွင် ပုဗလိ​ဟု​အမည်​ရှိ​သော​ကျွန်း​သူကြီး​၏​မြေကွက်​များ​ရှိ​၏။ သူ​သည် ငါ​တို့​ကို​လက်ခံ​၍ သုံး​ရက်​တိုင်တိုင် ကောင်း​စွာ​ဧည့်ခံ​လေ​၏။ ပုဗလိ​၏​ဖခင်​သည် အဖျားအနာ​နှင့်​ဝမ်းကိုက်​ရောဂါ​ခံစား​ရ​လျက် အိပ်ရာ​၌​လဲလျောင်း​နေ​၏။ ပေါလု​သည် သူ့​ထံသို့​ဝင်​ပြီး ဆုတောင်း​ပေး​ကာ သူ့​အပေါ်​လက်​တင်​၍ သူ့​ကို​ကျန်းမာ​စေ​၏။ ဤ​အရာ​ဖြစ်​ပြီးနောက် ကျွန်း​ပေါ်​ရှိ​နာမကျန်း​ဖြစ်​သော​အခြား​သူ​များ​လည်း ပေါလု​ထံ​လာ​ကြ​၍ ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။ ထို​သူ​တို့​သည် များစွာ​သော​လက်ဆောင်​ဖြင့် ငါ​တို့​ကို ဂုဏ်ပြု​လျက် ငါ​တို့​ရွက်လွှင့်​သောအခါ​၌​လည်း လိုအပ်​သည့်​အရာ​များ​ကို တင်​ပေး​လိုက်​ကြ​၏။