YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 2:3-8

တမန်တော်ဝတ္ထု 2:3-8 MSBU

ထို့နောက် ဖြာထွက်​သည့်​မီးလျှံ​ကဲ့သို့သော​လျှာ​များ​သည် သူ​တို့​ရှေ့၌​ပေါ်ထွက်​လာ​၍ သူ​တို့​တစ်ဦးစီ​အပေါ်​တည်​လေ​၏။ ထိုအခါ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဝိညာဉ်​တော်​သည် သူ​တို့​အား ပြော​နိုင်စွမ်း​ပေး​တော်မူ​သည့်​အတိုင်း အခြား​သော​ဘာသာ​စကား​များ​ဖြင့် စတင်​ပြောဆို​ကြ​၏။ ထို​အချိန်​ကာလ​တွင် မိုး​ကောင်းကင်​အောက်​ရှိ တိုင်းနိုင်ငံ​အသီးသီး​မှ ဘုရား​တရား​ကြည်ညို​သော​ဂျူး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​၌​တည်းခို​နေ​ကြ​၏။ ထို​အသံ​ထွက်ပေါ်​လာ​သောအခါ များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​၍ သူ​တို့​အသီးသီး​သည် သူ​တို့​၏​ဘာသာစကား​ဖြင့် တမန်တော်​တို့​ပြောဆို​နေ​ကြ​သည်​ကို​ကြား​ရ​သဖြင့် အံ့ဩ​တွေဝေ​ကြ​ကုန်​၏။ သူ​တို့​သည် အံ့သြ​ငေးမော​ကြ​လျက် “ကြည့်​ပါ။ ယခု​ပြောဆို​နေ​သော ဤ​သူ​အားလုံး​တို့​သည် ဂါလိလဲ​နယ်သား​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် ငါ​တို့​အသီးသီး​သည် ငါ​တို့​မွေးဖွား​ရာ​အရပ်​မှ ဘာသာစကား​ဖြင့် ကြား​နေ​ရ​သည်​မှာ မည်သို့​နည်း။