YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 13:1-4

တမန်တော်ဝတ္ထု 13:1-4 MSBU

အန္တိအုတ်​မြို့​၌​ရှိ​သော​အသင်းတော်​တွင် ဗာနဗ၊ နိဂါ​ဟု​ခေါ်​သော​ရှိမောင်၊ ကုရေနေ​မြို့သား​လုကိ၊ နယ်စား​ဟေရုဒ်​နှင့်​နို့စို့ဖက်​ဖြစ်​သူ​မာနင်​နှင့် ရှောလု စသည့်​ပရောဖက်​များ​နှင့်​ဆရာ​များ​ရှိ​ကြ​၏။ သူ​တို့​သည် သခင်​ဘုရား​ကို​ဝတ်ပြု​လျက် အစာရှောင်​နေ​ကြ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ဗာနဗ​နှင့်​ရှောလု​တို့​ကို သူ​တို့​အတွက်​ငါ​သတ်မှတ်​ထား​သော​အမှု​ကို​ဆောင်ရွက်​စေရန် ငါ့​အတွက် သီးသန့်​ရွေးချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် အစာရှောင်​၍ ဆုတောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အပေါ် လက်​တင်​ပြီးနောက် သူ​တို့​ကို​စေလွှတ်​လိုက်​ကြ​၏။ ဤသို့ဖြင့် သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​စေလွှတ်​တော်မူ​ခြင်း​ကို​ခံရ​၍ သေလုကိ​မြို့​သို့ ဆင်းသွား​ပြီးလျှင် ထို​မြို့​မှ ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​ကြ​၏။