YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာဒုတိယစောင် 1:8-12

တိမောသေဩဝါဒစာဒုတိယစောင် 1:8-12 MSBU

ထို့ကြောင့် ငါ​တို့​၏​သခင်​ဘုရား​အကြောင်း သက်သေခံ​သည်​ကို​လည်းကောင်း၊ ငါ​သည် ကိုယ်တော်​အတွက် အကျဉ်းသား​ဖြစ်​သည်​ကို​လည်းကောင်း ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။ ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၍ သန့်ရှင်း​သော​ခေါ်ယူ​ခြင်း​ဖြင့် ငါ​တို့​ကို​ခေါ်ယူ​တော်မူ​သည်​မှာ ငါ​တို့​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​၏​အကြံအစည်​တော်​ကြောင့်​ဖြစ်​ပြီး ရှေး​ကာလ​များ​မတိုင်မီ​က​ပင် ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား​ပေး​တော်မူ​သော​ကျေးဇူး​တော်​ကြောင့်​ဖြစ်​၏။ ထို​ကျေးဇူး​တော်​သည် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု ပေါ်ထွန်း​တော်မူ​ခြင်း​အားဖြင့် ယခု​ထင်ရှား​လေ​ပြီ။ ခရစ်တော်​သည် သေ​ခြင်း​ကို​ပယ်ဖျက်​၍ အသက်​နှင့်တကွ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို ကောင်းမြတ်​သော​သတင်း​အားဖြင့် အလင်း​သို့​ယူဆောင်​လာ​၏။ ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​အတွက် သံတော်ဆင့်​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း၊ ဆရာ​အဖြစ်​လည်းကောင်း ခန့်အပ်​ထား​ခြင်း​ခံရ​၏။ ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။

​တိမောသေဩဝါဒစာဒုတိယစောင် 1:8-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။