YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:6-9

ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:6-9 MSBU

ချစ်​ခြင်း​မေတ္တာ​ဆိုသည်မှာ ကိုယ်တော်​၏​ပညတ်​တော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ခြင်း​ဖြစ်​၏။ ထို​ပညတ်​တော်​သည်​ကား အစအဦး​ကပင် သင်​တို့​ကြား​ရ​သည့်​အတိုင်း ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ခြင်း​ဖြစ်​၏။ အကြောင်းမူကား ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်​မ​ခံ​သော​သူ​ဖြစ်​သည့် လှည့်ဖြား​သော​သူ​များစွာ​တို့​သည် ဤ​လောက​၌​ပေါ်လာ​ကြ​ပြီ။ ထိုသို့​သော​သူ​သည် လှည့်ဖြား​သော​သူ​ဖြစ်​ပြီး ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​လည်း​ဖြစ်​၏။ သင်​တို့​သည် ငါ​တို့​လုပ်ဆောင်​ခဲ့​သော​အရာ​ကို​မ​ဆုံးရှုံး​စေ​ဘဲ အကျိုးကျေးဇူး​ကို​အပြည့်အဝ​ခံစား​ရ​စေရန် မိမိ​တို့​ကိုယ်ကို​သတိပြု​ကြ​လော့။ ခရစ်တော်​၏​သွန်သင်​ချက်​၌​မ​တည်​ဘဲ ၎င်း​ကို​ကျော်လွန်​သော​သူ​တိုင်း​သည် ဘုရားသခင်​ကို​မ​ရရှိ​ပေ။ ထို​သွန်သင်​ချက်​၌​တည်​သော​သူ​သည် ခမည်းတော်​နှင့်​သား​တော်​ကို​ရရှိ​၏။