YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 11:24-28

ကောရိန္သုဩဝါဒစာဒုတိယစောင် 11:24-28 MSBU

ငါ​သည် ဂျူး​လူမျိုး​တို့​၏​အချက်​လေးဆယ် တစ်​ချက်​လျော့ ရိုက်နှက်​ခြင်း​ကို ငါး​ကြိမ်​ခံ​ခဲ့​ရ​၏။ ကြိမ်လုံး​နှင့်​ရိုက်နှက်​ခြင်း​ကို သုံး​ကြိမ်၊ ခဲ​နှင့်​ပေါက်​ခြင်း​ကို တစ်ကြိမ် ခံ​ခဲ့​ရ​၏။ သင်္ဘော​ပျက်စီး​ရာ​၌ သုံး​ကြိမ်​ပါ​၍ ပင်လယ်​ပြင်​တွင် တစ်နေ့​နှင့်​တစ်ည မျော​ခဲ့​ရ​၏။ မကြာခဏ ခရီးထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓားပြ​တို့​၏​ဘေး၊ ကိုယ့်​လူမျိုး​တို့​ပြု​သော​ဘေး၊ လူမျိုးခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်လယ်​ထဲ၌​ကြုံ​ရ​သော​ဘေး၊ ညီအစ်ကို​အတုအယောင်​များ​ပြု​သော​ဘေး စသည်​တို့​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။ ကြိုးပမ်း​အားထုတ်​ခြင်း​နှင့် ပင်ပန်း​ခက်ခဲ​ခြင်း၊ မကြာခဏ​အိပ်ရေးပျက်​ခြင်း၊ အစာငတ်​ခြင်း​နှင့် ရေငတ်​ခြင်း၊ မကြာခဏ အစာ​ပြတ်လပ်​ခြင်း၊ ချမ်းအေး​ဒဏ်​ခံရ​ခြင်း​နှင့် အဝတ်​အချည်းစည်း​နေ​ရ​ခြင်း​တို့​ကို​လည်း ကြုံတွေ့​ခဲ့​ရ​၏။ ဤ​ပြင်ပ​မှ ဘေးဒုက္ခ​များ​အပြင် အသင်းတော်​အားလုံး​အတွက် စိုးရိမ်​ပူပန်​ခြင်း​သည်​လည်း နေ့စဉ်​နှင့်အမျှ ငါ့​ကို​ဖိစီး​နေ​၏။