သူတို့သည် ခရစ်တော်၏အစေခံဖြစ်ကြသလော။ ငါသည် ပို၍ပင်ဖြစ်၏ဟု ရူးသွပ်နေသူတစ်ဦးကဲ့သို့ ငါဆို၏။ ငါသည် ပို၍ကြိုးပမ်းအားထုတ်လျက် အကြိမ်ပေါင်းများစွာအကျဉ်းချခံရလျက် ပို၍များစွာရိုက်နှက်ခြင်းခံရလျက် သေဘေးနှင့် မကြာခဏရင်ဆိုင်ရ၏။ ငါသည် ဂျူးလူမျိုးတို့၏အချက်လေးဆယ် တစ်ချက်လျော့ ရိုက်နှက်ခြင်းကို ငါးကြိမ်ခံခဲ့ရ၏။ ကြိမ်လုံးနှင့်ရိုက်နှက်ခြင်းကို သုံးကြိမ်၊ ခဲနှင့်ပေါက်ခြင်းကို တစ်ကြိမ် ခံခဲ့ရ၏။ သင်္ဘောပျက်စီးရာ၌ သုံးကြိမ်ပါ၍ ပင်လယ်ပြင်တွင် တစ်နေ့နှင့်တစ်ည မျောခဲ့ရ၏။ မကြာခဏ ခရီးထွက်၍ မြစ်ချောင်းတို့၌ကြုံရသောဘေး၊ ဓားပြတို့၏ဘေး၊ ကိုယ့်လူမျိုးတို့ပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့တွင်း၌ကြုံရသောဘေး၊ တောကန္တာရ၌ကြုံရသောဘေး၊ ပင်လယ်ထဲ၌ကြုံရသောဘေး၊ ညီအစ်ကိုအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။ ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
ကောရိန္သုဩဝါဒစာဒုတိယစောင် 11 ကိုဖတ်ပါ။
နားထောင်ပါ။ ကောရိန္သုဩဝါဒစာဒုတိယစောင် 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကောရိန္သုဩဝါဒစာဒုတိယစောင် 11:23-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ