YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 6:9-10

တိမောသေဩဝါဒစာပထမစောင် 6:9-10 MSBU

ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။ အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။