YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 6:6-10

တိမောသေဩဝါဒစာပထမစောင် 6:6-10 MSBU

သို့သော် ကျေနပ်​တင်းတိမ်​မှု​ဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် ကြီးစွာ​သော​အကျိုးစီးပွား​ပင်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် ဤ​လောက​ထဲသို့ မည်သည့်​အရာ​ကို​မျှ မ​ယူလာ​သကဲ့သို့ မည်သည့်​အရာ​ကို​မျှ​လည်း ယူသွား​နိုင်​ကြ​မည်​မ​ဟုတ်။ သို့ဖြစ်၍ စားစရာ​နှင့်​ဝတ်စရာ​ရှိ​လျှင် ထို​အရာ​တို့​နှင့်​ကျေနပ်​ကြ​ရ​မည်။ ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။ အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။