ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။ မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။ အစဉ်ဝမ်းမြောက်ကြလော့။ အမြဲမပြတ် ဆုတောင်းကြလော့။ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏။ ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။ ပရောဖက်ပြုဟောပြောခြင်းကို မထီမဲ့မြင်မပြုကြနှင့်။ သို့သော် အရာခပ်သိမ်းတို့ကိုစစ်ဆေး၍ ကောင်းသောအရာကို စွဲကိုင်ထားကြလော့။ မကောင်းမှုအမျိုးစုံတို့ကို ရှောင်ကြဉ်ကြလော့။ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင် သင်တို့ကို အကုန်အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့၏သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါ သင်တို့၏ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာကို အပြစ်တင်စရာမရှိစေရန် စောင့်ရှောက်တော်မူပါစေသော။ သင်တို့ကို ခေါ်ယူတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍ ထိုသို့ပြုတော်မူလိမ့်မည်။ ညီအစ်ကိုတို့၊ ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ ညီအစ်ကိုအားလုံးတို့ကို သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ဤစာကို ညီအစ်ကိုအားလုံးတို့ရှေ့၌ဖတ်ကြားရန် သခင်ဘုရား၌ သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏။ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
သက်သာလောနိတ်ဩဝါဒစာပထမစောင် 5 ကိုဖတ်ပါ။
နားထောင်ပါ။ သက်သာလောနိတ်ဩဝါဒစာပထမစောင် 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:14-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို