YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 16:8-13

ဓမ္မရာဇဝင်ပထမစောင် 16:8-13 MSBU

တစ်ဖန် ယေရှဲ​သည် အဘိနဒပ်​ကို ရှမွေလ​ရှေ့​သို့ ခေါ်လာ​ပြ​လျှင် ရှမွေလ​က “​ဤ​သူ​ကို​လည်း ထာဝရဘုရား ရွေး​တော်​မ​မူ​”​ဟု ဆို​၏​။ တစ်ဖန် ယေရှဲ​သည် ရှမ္မ​ကို ခေါ်လာ​ပြ​လျှင် ရှမွေလ​က “​သူ့​ကို​လည်း ထာဝရဘုရား ရွေး​တော်​မ​မူ​”​ဟု ဆို​၏​။ ယေရှဲ​သည် သား​ခုနစ်​ယောက်​ကို ရှမွေလ​ရှေ့​သို့ ခေါ်လာ​ပြ​၏​။ သို့သော် ရှမွေလ​က ယေရှဲ​အား “​သူ​တို့​ကို ထာဝရဘုရား​ရွေး​တော်​မ​မူ​”​ဟူ၍​သာ ပြော​၏​။ ထို့နောက် ရှမွေလ​က ယေရှဲ​အား “​သင်​၌ သား ကုန်​ပြီ​လော​”​ဟု မေး​လျှင် သူ​က “​အငယ်ဆုံး​သား ရှိ​ပါ​သေး​၏​။ ယခု သိုးကျောင်း​လျက်​ရှိ​ပါ​၏​”​ဟု ဆို​၏​။ ထိုအခါ ရှမွေလ​က ယေရှဲ​အား “​သူ့​ကို လူ​လွှတ်​၍ ခေါ်​ပေး​ပါ​လော့​။ သူ​မ​လာ​မ​ချင်း ငါ​တို့​ထိုင်​၍​စားသောက်​ရ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။ ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်လာ​စေ​၏​။ သူ​သည် နီမြန်း​သော​အသားအရေ​၊ လှပ​သော​မျက်လုံး​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​၏​။ ထာဝရဘုရား​က “​ဤ​သူ​ပင်​ဖြစ်​၏​။ ထ​၍ သူ့​ကို​ဘိသိက်ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။ ရှမွေလ​သည်​လည်း ဦးချို​ဆီဘူး​ကို ယူ​၍ သူ့​ညီအစ်ကို​တို့​အလယ်​တွင် သူ့​ကို ဘိသိက်ပေး​လေ​၏​။ ထို​နေ့​မှစ၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဒါဝိဒ်​အပေါ် တည်​နေ​တော်မူ​၏​။ ရှမွေလ​လည်း ရာမ​မြို့​သို့ ပြန်သွား​လေ​၏​။