YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 3:5-11

ကောရိန္သုဩဝါဒစာပထမစောင် 3:5-11 MSBU

သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​သည် စိုက်ပျိုး​၏။ အာပေါလု​သည် ရေ​လောင်း​၏။ သို့သော် ကြီးထွား​စေ​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ ထို့ကြောင့် စိုက်ပျိုး​သော​သူ​ဖြစ်စေ၊ ရေ​လောင်း​သော​သူ​ဖြစ်စေ ပဓာန​မ​ဟုတ်။ ကြီးထွား​စေ​တော်မူ​သော ဘုရားသခင်​သာလျှင် ပဓာန​ဖြစ်​တော်မူ​၏။ စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။ အကြောင်းမူကား ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဘုရားသခင်​၏​ဥယျာဉ်၊ ဘုရားသခင်​၏​အဆောက်အအုံ​ဖြစ်​ကြ​၏။ ငါ့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​နှင့်အညီ ပညာရှိ​သော​ဗိသုကာ​ကဲ့သို့ ငါ​သည် အုတ်မြစ်​ကို​ချ​ထား​ခဲ့​ပြီး အခြား​သော​သူ​သည် ၎င်း​အပေါ်တွင်​တည်ဆောက်​၏။ သို့သော် မည်ကဲ့သို့​တည်ဆောက်​သည်​ကို လူ​တိုင်း​သတိပြု​ရ​မည်။ အကြောင်းမူကား ယေရှု​ခရစ်တော်​တည်းဟူသော ချ​ထား​ပြီး​ဖြစ်​သည့်​အုတ်မြစ်​မှတစ်ပါး အခြား​သော​အုတ်မြစ်​ကို မည်သူမျှ​မ​ချ​နိုင်။