YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 12:18-25

ကောရိန္သုဩဝါဒစာပထမစောင် 12:18-25 MSBU

သို့ရာတွင် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အင်္ဂါ​အစိတ်အပိုင်း​များ​ကို ကိုယ်ခန္ဓာ​၌ အသီးသီး​ပြင်ဆင်​ပေး​တော်မူ​၏။ အားလုံး​သည် အင်္ဂါ​အစိတ်အပိုင်း​တစ်မျိုးတည်း​ဖြစ်​ခဲ့​လျှင် ကိုယ်ခန္ဓာ​သည် အဘယ်မှာ​ရှိ​မည်နည်း။ ယခု​မူကား အင်္ဂါ​အစိတ်အပိုင်း​သည် များစွာ​ရှိ​သော်လည်း ကိုယ်ခန္ဓာ​သည် တစ်ခုတည်း​ရှိ​၏။ မျက်စိ​က လက်​အား “သင့်​ကို ငါ​အလို​မ​ရှိ”​ဟု ပြော​၍​မ​ရ​သကဲ့သို့ ဦးခေါင်း​က​လည်း ခြေ​တို့​အား “သင်​တို့​ကို ငါ​အလို​မ​ရှိ”​ဟု ပြော​၍​မ​ရ​ပေ။ ထိုမျှမက ကိုယ်ခန္ဓာ​၌ ပို၍​အားနည်း​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အစိတ်အပိုင်း​တို့​သည် ပို၍​ပင်​လိုအပ်​သော အင်္ဂါ​များ​ဖြစ်​ကြ​၏။ ကိုယ်ခန္ဓာ​တွင် ဂုဏ်သရေ​မဲ့​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အစိတ်အပိုင်း​တို့​ကို ပို၍​ကြီး​သော​ဂုဏ်သရေ​ဖြင့် ငါ​တို့​ဆင်ယင်​တတ်​ကြ​၏။ ငါ​တို့​၏​အမြင်​မ​တင့်တယ်​သော အင်္ဂါ​အစိတ်အပိုင်း​များ​ကို​လည်း အမြင်​တင့်တယ်​အောင် ပို၍​ဂရုစိုက်​တတ်​၏။ အမြင်​တင့်တယ်​သော အင်္ဂါ​အစိတ်အပိုင်း​များ​မူကား ထိုသို့​ပြု​ရန်​မ​လိုအပ်​ပေ။ သို့သော် ဘုရားသခင်​သည် ဂုဏ်ငယ်​သော အင်္ဂါ​အစိတ်အပိုင်း​များ​အား သာ၍​ကြီး​သော​ဂုဏ်သရေ​ကို​ပေး​၍ ကိုယ်ခန္ဓာ​ကို ပေါင်းစပ်​ဖွဲ့စည်း​တော်မူ​၏။ ဤသည်ကား ကိုယ်ခန္ဓာ​၌ ကွဲပြား​မှု​မ​ရှိ​ဘဲ အင်္ဂါ​အစိတ်အပိုင်း​များ​သည် အချင်းချင်း​ဂရုစိုက်​ကြ​စေရန်​အတွက်​ဖြစ်​၏။