1
သုတ္တံကျမ်း။ 28:13
Common Language Bible
မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း။ 28:13ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း။ 28:26
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။
သုတ္တံကျမ်း။ 28:26ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း။ 28:1
လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
သုတ္တံကျမ်း။ 28:1ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း။ 28:14
အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
သုတ္တံကျမ်း။ 28:14ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း။ 28:27
ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
သုတ္တံကျမ်း။ 28:27ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း။ 28:23
ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။
သုတ္တံကျမ်း။ 28:23ရှာဖွေလေ့လာလိုက်ပါ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ