1
သုတ္တံကျမ်း။ 22:6
Common Language Bible
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း။ 22:6ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း။ 22:4
စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
သုတ္တံကျမ်း။ 22:4ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း။ 22:1
ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
သုတ္တံကျမ်း။ 22:1ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း။ 22:24
စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။
သုတ္တံကျမ်း။ 22:24ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း။ 22:9
ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
သုတ္တံကျမ်း။ 22:9ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း။ 22:3
သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
သုတ္တံကျမ်း။ 22:3ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း။ 22:7
ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
သုတ္တံကျမ်း။ 22:7ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း။ 22:2
ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
သုတ္တံကျမ်း။ 22:2ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံကျမ်း။ 22:22-23
ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
သုတ္တံကျမ်း။ 22:22-23ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ