1
သုတ္တံကျမ်း။ 13:20
Common Language Bible
ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
နှိုင်းယှဉ်
သုတ္တံကျမ်း။ 13:20ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း။ 13:3
မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။
သုတ္တံကျမ်း။ 13:3ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း။ 13:24
ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။
သုတ္တံကျမ်း။ 13:24ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း။ 13:12
မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
သုတ္တံကျမ်း။ 13:12ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း။ 13:6
ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသော သူကိုစောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသော သူကိုလှဲတတ်၏။
သုတ္တံကျမ်း။ 13:6ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း။ 13:11
လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ် ၏။ ကြိုးစားအား ထုတ်၍ဆည်းဖူးသော သူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။
သုတ္တံကျမ်း။ 13:11ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း။ 13:10
မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ၏။
သုတ္တံကျမ်း။ 13:10ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း။ 13:22
သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။
သုတ္တံကျမ်း။ 13:22ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံကျမ်း။ 13:1
ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။
သုတ္တံကျမ်း။ 13:1ရှာဖွေလေ့လာလိုက်ပါ။
10
သုတ္တံကျမ်း။ 13:18
သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။
သုတ္တံကျမ်း။ 13:18ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ