1
သုတ္တံကျမ်း။ 11:25
Common Language Bible
စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း။ 11:25ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း။ 11:24
စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
သုတ္တံကျမ်း။ 11:24ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း။ 11:2
မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
သုတ္တံကျမ်း။ 11:2ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း။ 11:14
အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
သုတ္တံကျမ်း။ 11:14ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း။ 11:30
ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
သုတ္တံကျမ်း။ 11:30ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း။ 11:13
လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
သုတ္တံကျမ်း။ 11:13ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း။ 11:17
သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
သုတ္တံကျမ်း။ 11:17ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း။ 11:28
မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။
သုတ္တံကျမ်း။ 11:28ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံကျမ်း။ 11:4
အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
သုတ္တံကျမ်း။ 11:4ရှာဖွေလေ့လာလိုက်ပါ။
10
သုတ္တံကျမ်း။ 11:3
ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
သုတ္တံကျမ်း။ 11:3ရှာဖွေလေ့လာလိုက်ပါ။
11
သုတ္တံကျမ်း။ 11:22
သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
သုတ္တံကျမ်း။ 11:22ရှာဖွေလေ့လာလိုက်ပါ။
12
သုတ္တံကျမ်း။ 11:1
မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
သုတ္တံကျမ်း။ 11:1ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ