YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေ​ဟ​မိ 9မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် မာန်​မာ​န​ထောင်​လွှား​ကာ ခေါင်း​မာ​လာ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​မိန့်​တော် တို့​ကို မ​လိုက်​နာ​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။

သို့​ရာ​တွင်​ကိုယ်​တော်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည်​သူ​တို့​အား​သဲ​ကန္တာ​ရ​တွင် စွန့်​တော်​မ​မူ​ပါ။ နေ့​အ​ချိန်​၌​သူ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​သည့် မိုး​တိမ်​တိုက်​ကို​လည်း​ကောင်း၊ ညဥ့်​အ​ချိန်​သူ​တို့​၏​လမ်း​ခ​ရီး​ကို​ထွန်း​လင်း စေ​သည့် မီး​တိမ်​တိုက်​ကို​လည်း​ကောင်း​ရုပ်​သိမ်း​တော် မ​မူ​ပါ။ ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​ပြု​ကျင့်​သင့်​သော​အ​မှု​အ​ရာ​များ​ကို သွန်​သင်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အား​မန္န​မုန့်​ကို​ကျွေး​၍​သူ​တို့​သောက်​ရန် ရေ​ကို​ပေး​တော်​မူ​ပါ​၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​သဲ​ကန္တာ​ရ​တွင် ကိုယ်​တော်​သည်​သူ​တို့​လို​သ​မျှ​သော အ​စား​အ​စာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အ​ဝတ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​ဟောင်း​မ​နွမ်း​ရ​ပါ။ သူ​တို့​၏​ခြေ​သည်​မ​ပွန်း​မ​ရောင်​ရ​ပါ။