1
မာကု 11:24
ခေတ်သစ်မြန်မာ သမ္မာကျမ်း
ထို့ကြောင့် သင်တို့ကို ငါဆိုသည်မှာ သင်တို့သည် မိမိတို့တောင်းလျှောက်သမျှကို ရရှိပြီဟု ယုံကြည်သောစိတ်ဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်။
နှိုင်းယှဉ်
မာကု 11:24ရှာဖွေလေ့လာလိုက်ပါ။
2
မာကု 11:23
သင်တို့အား ငါအမှန်ဆို၏။ တစ်စုံတစ်ဦးသည် သံသယစိတ်မထားဘဲ မိမိပြောသည့်အတိုင်းဖြစ်မည်ဟု ယုံကြည်လျက် ဤတောင်ကို ‘ဤနေရာမှ ရွေ့ကာ ပင်လယ်သို့ ကျလော့’ ဟု ပြောလျှင် ပြောသည့်အတိုင်း ဖြစ်လိမ့်မည်။
မာကု 11:23ရှာဖွေလေ့လာလိုက်ပါ။
3
မာကု 11:25
သို့သော် သင်တို့သည် ဆုတောင်းသောအခါ တစ်ပါးသူတို့အပေါ်၌ အပြစ်တင်စရာရှိလျှင် ထိုသူတို့၏အပြစ်ကို ဦးစွာခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။
မာကု 11:25ရှာဖွေလေ့လာလိုက်ပါ။
4
မာကု 11:22
ယေရှုက “ဘုရားသခင်ကို ယုံကြည်သောစိတ် ရှိကြလော့။
မာကု 11:22ရှာဖွေလေ့လာလိုက်ပါ။
5
မာကု 11:17
ကိုယ်တော်က “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် လူမျိုးအပေါင်းတို့၏ ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ” ဟု သူတို့အား သွန်သင်လျက် မိန့်တော်မူ၏။
မာကု 11:17ရှာဖွေလေ့လာလိုက်ပါ။
6
မာကု 11:9
ကိုယ်တော်၏ရှေ့တော်နှင့် နောက်တော်တွင် လိုက်ပါသောလူတို့က “ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော။ ဘုရားသခင်၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။
မာကု 11:9ရှာဖွေလေ့လာလိုက်ပါ။
7
မာကု 11:10
မကြာမီ ပေါ်ထွန်းတော့မည့် ငါတို့အဖ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိပါစေသော။ အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော” ဟု ကြွေးကြော်ကြ၏။
မာကု 11:10ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို