ထို့နောက် ယေရှုက “ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ်အရာနှင့် နှိုင်းယှဉ်ရမည်နည်းဟု ဆိုသော် သေးငယ်သော မုန်ညင်းစေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ ခြံ၌စိုက်သော် ထိုအစေ့သည် အပင်ပေါက်၍ ကြီးထွားသဖြင့် ထိုအပင်၏အကိုင်းအခက်တို့တွင် ငှက်တို့သည် အသိုက်ဆောက်ကြ၏” ဟု မိန့်တော်မူ၏။