ထိုသို့ မြွက်ဆိုတော်မူပြီးမှ “လာဇရု ထွက်ခဲ့လော့” ဟု ကျယ်လောင်စွာ ဟစ်ခေါ်တော်မူ၏။
လာဇရုသည်လည်း ခြေလက်တို့၌ ပိတ်စဖြင့် ရစ်ပတ်လျက် မျက်နှာကိုလည်း ပဝါနှင့် စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက “သူ့ကို ပတ်ထားသောအဝတ်များကို ဖြေပေး၍ လွှတ်ကြလော့” ဟု မိန့်တော်မူ၏။