1
သုတ္တံ 13:20
Judson Bible
ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။
နှိုင်းယှဉ်
သုတ္တံ 13:20ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံ 13:3
မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကိုစောင့်၏။ မိမိနှုတ်ကိုကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်တတ်၏။
သုတ္တံ 13:3ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံ 13:24
ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။
သုတ္တံ 13:24ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံ 13:12
မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
သုတ္တံ 13:12ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံ 13:6
ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသောသူကို စောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသောသူကို လှဲတတ်၏။
သုတ္တံ 13:6ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံ 13:11
လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ်၏။ ကြိုးစားအားထုတ်၍ ဆည်းပူးသောသူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။
သုတ္တံ 13:11ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံ 13:10
မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။
သုတ္တံ 13:10ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံ 13:22
သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏။ အပြစ်ရှိသောသူ၏ စည်းစိမ်မူကား၊ ဖြောင့်မတ်သောသူတို့အဖို့ သိုထားလျက်ရှိ၏။
သုတ္တံ 13:22ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံ 13:1
ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်းကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။
သုတ္တံ 13:1ရှာဖွေလေ့လာလိုက်ပါ။
10
သုတ္တံ 13:18
သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲခြင်းနှင့် ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။
သုတ္တံ 13:18ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ